မြန်မာနိုင်ငံမှာ ဥပဒေတွေ ဘယ်လိုရေးဆွဲ အတည်ပြုနေသလဲဆိုတာ ဝေခွဲမရဖြစ်နေပါသလား။
အဲ့ဒါဆိုရင်တော့ ဒီအင်တာနက်စာမျက်နှာက ရှင်းပြပေးနိုင်ပါလိမ့်မယ်။ မေးခွန်းလေးတွေ တစ်ခုချင်းဖြေကြည့်ပြီး ဖြစ်နိုင်ချေရှိတဲ့ ဥပဒေပြုတွေ ရေးဆွဲ အတည်ပြုတာတွေကို လေ့လာနိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်လိုက်ရှာနေတဲ့ ဥပဒေမူကြမ်းတွေ ဘယ်နားရောက်နေနိုင်သလဲဆိုတာလည်း ရှာကြည့်နိုင်ပါတယ်။
ဒီကနေ စရအောင်။ ဥပဒေကို ဘယ်သူရေးဆွဲတာလဲ။
ဝန်ကြီးဌာနက ဥပဒေကြမ်းရဲ့ အစောဆုံး မူကြမ်းတစ်ခုကို စရေးဆွဲပါတယ်။
ရှေ့နေချုပ်ရုံးက ဝန်ကြီးဌာနက ရေးဆွဲထားတဲ့ ဥပဒေမူကြမ်းကို ဥပဒေ အရေးအသားနဲ့ အညီဖြစ်အောင်၊ တည်ဆဲဥပဒေတွေနဲ့ လိုက်လျောညီထွေမှုရှိအောင် ပြင်ဆင်ရေးဆွဲပါတယ်။
ဘယ်သူလဲရှေ့နေချုပ်ရုံးက ပြင်ဆင်ပြီးဖြစ်တဲ့ ဥပဒေမူကြမ်းကို အစိုးရအဖွဲ့တွင်း ပြန်လည်သုံးသပ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်နာယကက အစိုးရက ပေးပို့လာတဲ့ ဥပဒေကြမ်းကို လက်ခံရရှိပြီး၊ ဘယ်လွှတ်တော်မှာ စတင်ဆွေးနွေးရမလဲ ဆုံးဖြတ်ပါတယ်။ ဒီအဆင့်မှာတော့ ဥပဒေကြမ်းကို အစိုးရသတင်းစာတွေထဲမှာ စပြီး ဖော်ပြပါပြီ။
ဘယ်လွှတ်တော်မှာ စဆွေးနွေးသလဲ။
သို့မဟုတ်
အမျိုးသားလွှတ်တော် ဘယ်သူလဲလွှတ်တော်ကိုယ်စားလှယ် (သို့မဟုတ် ကော်မတီ) ကဥပဒေကြမ်းကို ရေးဆွဲပြီး ပုံမှန်အစည်းအဝေး မစတင်မီ ရက်သုံးဆယ်အလိုမှာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်နာယကထံ ပေးပို့ရပါတယ်။
ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်ကိုယ်စားလှယ်ဆီမှ ရရှိတဲ့ ဥပဒေကြမ်းကို လက်ခံ မခံ စဉ်းစားဆုံးဖြတ်ပြီး၊ ဘယ်လွှတ်တော်က စတင်ဆွေးနွေးသင့်သလဲ ဆုံးဖြတ်ပါတယ်။ ဒီအဆင့်မှာတော့ ဥပဒေကြမ်းကို အစိုးရသတင်းစာတွေထဲမှာ စပြီး ဖော်ပြပါပြီ။
ဘယ်လွှတ်တော်မှာ စဆွေးနွေးသလဲ။
သို့မဟုတ်
အမျိုးသားလွှတ်တော် ဘယ်သူလဲပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဥပဒေကြမ်းကို လက်ခံ မခံ ဆွေးနွေးပြီး၊ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပါတယ်။
ပြည်သူ့လွှတ်တော်က ဆွေးနွေးဖို့ လက်ခံသလား။
ဥပဒေပြဌာန်းလိုတဲ့ လွှတ်တော်ကိုယ်စားလှယ် (တစ်ခါတစ်ရံ ကော်မတီ) ရဲ့ ကြိုးစားမှုကတော့ အကောင်အထည်မပေါ်ခဲ့ပါဘူး။ နောက်တစ်ခါ ကံကောင်းပါစေ။
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ဥပဒေကြမ်းကို လေ့လာသုံးသပ်ပြီး၊ ပုံမှန်အစည်းအဝေးကို အစီရင်ခံစာ တင်သွင်းပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေကြမ်းကို ပြင်ဆင်ချက် တင်သွင်းတာ၊ ပြင်ဆင်ချက်ကို အပြန်အလှန် ဆွေးနွေးတာ လုပ်ကြပါတယ်။ ဒီအဆင့်မှာ ဥပဒေကြမ်းကို အတည်ပြုဖို့အတွက် ပြင်ဆင်ချက် တစ်ခုစီကို မဲခွဲကြပါတယ်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ဥပဒေကြမ်းကို လေ့လာသုံးသပ်ပြီး၊ ပုံမှန်အစည်းအဝေးကို အစီရင်ခံစာ တင်သွင်းပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေကြမ်းကို ပြင်ဆင်ချက် တင်သွင်းတာ၊ ပြင်ဆင်ချက်ကို အပြန်အလှန် ဆွေးနွေးတာ လုပ်ကြပါတယ်။ ဒီအဆင့်မှာ ဥပဒေကြမ်းကို အတည်ပြုဖို့အတွက် ပြင်ဆင်ချက် တစ်ခုစီကို မဲခွဲကြပါတယ်။
အမျိုးသားလွှတ်တော်က အတည်ပြုထားတဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က သဘောတူလား။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ဥပဒေကြမ်းကို လေ့လာသုံးသပ်ပြီး၊ ပုံမှန်အစည်းအဝေးကို အစီရင်ခံစာ တင်သွင်းပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေကြမ်းကို ပြင်ဆင်ချက် တင်သွင်းတာ၊ ပြင်ဆင်ချက်ကို အပြန်အလှန် ဆွေးနွေးတာ လုပ်ကြပါတယ်။ ဒီအဆင့်မှာ ဥပဒေကြမ်းကို အတည်ပြုဖို့အတွက် ပြင်ဆင်ချက် တစ်ခုစီကို မဲခွဲကြပါတယ်။
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ဥပဒေကြမ်းကို လေ့လာသုံးသပ်ပြီး၊ ပုံမှန်အစည်းအဝေးကို အစီရင်ခံစာ တင်သွင်းပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေကြမ်းကို ပြင်ဆင်ချက် တင်သွင်းတာ၊ ပြင်ဆင်ချက်ကို အပြန်အလှန် ဆွေးနွေးတာ လုပ်ကြပါတယ်။ ဒီအဆင့်မှာ ဥပဒေကြမ်းကို အတည်ပြုဖို့အတွက် ပြင်ဆင်ချက် တစ်ခုစီကို မဲခွဲကြပါတယ်။
ပြည်သူ့လွှတ်တော်က အတည်ပြုထားတဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က သဘောတူလား။
ပြည်သူ့လွှတ်တော်က ပြင်လိုက်တဲ့/သဘောမတူလိုက်တဲ့ ပြင်ဆင်ချက်တွေကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်သုံးသပ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲတဲ့ ပြင်ဆင်ချက်တွေကို ဆွေးနွေးပါတယ်။ ဒီအဆင့်မှာ ဥပဒေကြမ်းကို အတည်ပြုဖို့အတွက် ပြင်ဆင်ချက် တစ်ခုစီကို မဲခွဲကြပါတယ်။
သဘောထားကွဲတုန်းလား။
အမျိုးသားလွှတ်တော်က ပြင်လိုက်တဲ့/သဘောမတူလိုက်တဲ့ ပြင်ဆင်ချက်တွေကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်သုံးသပ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲတဲ့ ပြင်ဆင်ချက်တွေကို ဆွေးနွေးပါတယ်။ ဒီအဆင့်မှာ ဥပဒေကြမ်းကို အတည်ပြုဖို့အတွက် ပြင်ဆင်ချက် တစ်ခုစီကို မဲခွဲကြပါတယ်။
သဘောထားကွဲတုန်းလား။
လွှတ်တော်နှစ်ရပ် သဘောမတူတဲ့ ပြင်ဆင်ချက်တွေကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ပြန်လည်သုံးသပ်ပါတယ်။ ပြီးတော့ လွှတ်တော်ကို အစီရင်ခံစာတင်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲတဲ့ ပြင်ဆင်ချက်တွေကို ဆွေးနွေးပါတယ်။ ဒီအဆင့်မှာ ဥပဒေကြမ်းကို အတည်ပြုဖို့အတွက် ပြင်ဆင်ချက် တစ်ခုစီကို မဲခွဲကြပါတယ်။
မြန်မာနိုင်ငံသမ္မတဟာ လွှတ်တော်က အတည်ပြုထားတဲ့ ဥပဒေကို ဗီတိုနဲ့ ပယ်ချခွင့်မရှိပါဘူး။ ဒါပေမယ့် ဥပဒေကြမ်းကို သဘောမတူရင် မှတ်ချက်ပေးလို့ရပါတယ်။ လွှတ်တော်က အတည်ပြုထားတဲ့ ဥပဒေကြမ်းကို လက်ခံရရှိပြီး ၁၄ ရက်အတါင်း မှတ်ချက်ကို လွှတ်တော်ကို ပြန်ပေးပို့ရတာပါ။
သမ္မတက ဥပဒေကြမ်းကို သဘောတူသလား။
ဘယ်သူလဲပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက သမ္မတမှတ်ချက်ကို စိစစ်ပြီး၊ လွှတ်တော်ကို အစီရင်ခံစာတင်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေက သမ္မတရဲ့ ပြင်ဆင်ချက်တွေကို ဆွေးနွေးပါတယ်။ ဒီအဆင့်မှာ ဥပဒေကြမ်းကို အတည်ပြုဖို့အတွက် ပြင်ဆင်ချက် တစ်ခုစီကို မဲခွဲကြပါတယ်။
ပြည်ထောင်စုလွှတ်တော်က ထပ်မံအတည်ပြုထားတဲ့ ဥပဒေကြမ်းကို သမ္မတက ခုနှစ်ရက်အတွင်း လက်မှတ်ရေးထိုးရပါတယ်။
လက်မှတ်ထိုးလိုက်တယ်။ လက်မှတ်မထိုးဘူး။
ဘယ်သူလဲဥပဒေကြမ်းကို သမ္မတထံ ပထမအကြိမ် ပေးပို့ပြီးနောက် ၁၄ ရက်အတွင်း သမ္မတက လွှတ်တော်ကိုလည်း မှတ်ချက်နဲ့ ပြန်မပို့၊ လက်မှတ်လည်းမထိုးရင်၊ သမ္မတမှတ်ချက်ကို ဆွေးနွေးအတည်ပြုပြီး နောက်တစ်ကြိမ် ထပ်ပို့ပြီးနောက် ခုနှစ်ရက်အတွင်း လက်မှတ်မထိုးရင် ဥပဒေကြမ်းကို လွှတ်တော်မှ ဥပဒေအဖြစ် ထုတ်ပြန်ပါတယ်။
ယခုစာမျက်နှာသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော်ဆိုင်ရာ ဥပဒေနည်းဥပဒေများကို ကိုးကား၍ ပြည်ထောင်စုအဆင့် လွှတ်တော်၏ ဥပဒေပြုရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဖော်ပြထားသည့် စာမျက်နှာဖြစ်ပါသည်။ ယခုစာမျက်နှာတွင် အစိုးရမှ ပြည်ထောင်စုလွှတ်တော်သို့ နှစ်စဉ် တိုက်ရိုက်တင်သွင်းရသည့် ဘတ်ဂျက်ဥပဒေကြမ်း၊ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် အခွန်ဥပဒေကြမ်းများကို လွှမ်းခြုံဖော်ပြနိုင်ခြင်းမရှိသော်လည်း အခြားဥပဒေများအားလုံး၏ လွှတ်တော်တွင်း ဆောင်ရွက်ပုံအဆင့်ဆင့်ကို လွှမ်းခြုံနိုင်ပါသည်။
Ananda Data မှ ဖန်တီးသည်။